Thursday, January 14, 2010

(၀၀၅-၀၁-၀၄-တိဿတ္ထေရဝတ္ထု)

၅။ န ဟိ ဝေရေန ဝေရာနိ၊ သမ္မန္တီဓ ကုဒါစနံ၊

အဝေရေန စ သမ္မန္တိ၊ ဧသ ဓမ္မော သနန္တနော။

(၀၀၅-၀၁-၀၄-တိဿတ္ထေရဝတ္ထု)

5. For hatred does not cease by hatred at any time: hatred ceases by love, this is an old rule.

၅။ ဤလောက၌ ရန်တုံ့မူခြင်းဖြင့် ရန်တို့သည် ဘယ်အခါမျှ မပြေငြိမ်းနိုင်ကုန်။ ရန်တုံ့မမူခြင်းဖြင့်သာလျှင် ရန်ပြေငြိမ်းနိုင်ကုန်၏။ ဤသဘောကား လောကစဉ်လာ ဓမ္မတာဖြစ်ပေ၏။

ရန်မမူမှရန်ငြိမ်းမယ်

ရန်မူနေရင် ဘယ်တော့မှ ရန်မငြိမ်းနိုင်ပါဘူး။ ရန်မမူမှပဲ ရန်ငြိမ်းနိုင်ပါတယ်။ ဒါဟာ… သူတော်ကောင်းတွေရဲ့ အစဉ်အလာ သွားရိုးလမ်းကြောင်းပါပဲ။

Wednesday, January 6, 2010

(၀၀၄-၀၁-၀၃-တိဿတ္ထေရဝတ္ထု)

၎။ အက္ကောစ္ဆိ မံ အဝဓိ မံ၊ အဇိနိ မံ အဟာသိ မေ၊
ယေ စ တံ နုပနယှန္တိ၊ ဝေရံ တေသူပသမ္မတိ။
(၀၀၄-၀၁-၀၃-တိဿတ္ထေရဝတ္ထု)
4. "He abused me, he beat me, he defeated me, he robbed me,"--in those who do not harbour such thoughts hatred will cease.
၎။ ဤသူသည် ငါ့ကို ဆဲရေးခဲ့သည်၊ ငါ့ ကိုညှင်းဆဲခဲ့သည်၊ ငါ့ကို အောင်နိုင်ခဲ့သည်၊ ငါ့ဥစ္စာကို ယူခဲ့သည်ဟု ထိုသူ့အပေါ်၌ ရန်ငြိုးမဖွဲ့ကုန်။ ထိုသူတို့အား ရန်သည် ငြိမ်းအေးနိုင်ကုန်၏။
အငြိုးမဖွဲ့မှရန်ငြိမ်း
‘ငါ့ကို သူ ဆဲဖူးတယ်၊ ကဲ့ရဲ့ဖူးတယ်၊ အပြစ်ပြောဖူးတယ်၊’ ‘ငါ့ကို သူ ချဖူးတယ်၊ ထိုးဖူးတယ်၊ ရိုက်ဖူးတယ်၊’ ‘ငါ့ကို သူ မတရား အနိုင်ယူဖူးတယ်’ လို့ ထပ်တလဲလဲ တွေးတောပြီး ရန်ငြိုးဖွဲ့နေတာမျိုး လုံးဝ မပြုလုပ်ဘူးဆိုရင် တစ်ကြိမ်တစ်ခါ ဖြစ်ခဲ့ဖူးတဲ့ရန်က နှစ်ဦးနှစ်ဖက်လုံးအတွက် အစဉ်ထာဝရ ငြိမ်းအေးသွားနိုင်ပါတယ်။

(၀၀၃-၀၁-၀၃-တိဿတ္ထေရဝတ္ထု)

၃။ အက္ကောစ္ဆိ မံ အဝဓိ မံ၊ အဇိနိ မံ အဟာသိ မေ၊
ယေ စ တံ ဥပနယှန္တိ၊ ဝေရံ တေသံ န သမ္မတိ။
(၀၀၃-၀၁-၀၃-တိဿတ္ထေရဝတ္ထု)
3. "He abused me, he beat me, he defeated me, he robbed me,"--in those who harbour such thoughts hatred will never cease.
၃။ ဤသူသည် ငါ့ကို ဆဲရေးခဲ့သည်၊ ငါ့ ကိုညှင်းဆဲခဲ့သည်၊ ငါ့ကို အောင်နိုင်ခဲ့သည်၊ ငါ့ဥစ္စာကို ယူခဲ့သည်ဟု ထိုသူ့အပေါ်၌ ရန်ငြိုးဖွဲ့ကုန်၏။ ထိုသူတို့အား ရန်သည် မငြိမ်းအေးနိုင်ကုန်။
အငြိုးဖွဲ့လျှင်ရန်မငြိမ်း
‘ငါ့ကို သူ ဆဲဖူးတယ်၊ ကဲ့ရဲ့ဖူးတယ်၊ အပြစ်ပြောဖူးတယ်၊’ ‘ငါ့ကို သူ ချဖူးတယ်၊ ထိုးဖူးတယ်၊ ရိုက်ဖူးတယ်၊’ ‘ငါ့ကို သူ မတရား အနိုင်ယူဖူးတယ်’ လို့ ထပ်တလဲလဲ တွေးတောပြီး ရန်ငြိုးဖွဲ့နေမယ်ဆိုရင် တစ်ကြိမ်တစ်ခါ ဖြစ်ခဲ့ဖူးတဲ့ရန်က နှစ်ဦး နှစ်ဖက်လုံး အတွက် ဘယ်တော့မှ မငြိမ်းအေးနိုင်တော့ပါဘူး။

(၀၀၂-၀၁-၀၂-မဋ္ဌကုဏ္ဍလီဝတ္ထု)

၂။ မနောပုဗ္ဗင်္ဂမာ ဓမ္မာ၊ မနောသေဋ္ဌာ မနောမယာ၊
မနသာ စေ ပသန္နေန၊ ဘာသတိ ဝါ ကရောတိ ဝါ၊
တတော နံ သုခမနွေတိ၊ ဆာယာဝ အနုပါယိနီ။
(၀၀၂-၀၁-၀၂-မဋ္ဌကုဏ္ဍလီဝတ္ထု)
2. All that we are is the result of what we have thought: it is founded on our thoughts, it is made up of our thoughts. If a man speaks or acts with a pure thought, happiness follows him, like a shadow that never leaves him.
၂။ နာမ်ခန္ဓာလေးပါးတို့သည် စိတ်သာလျှင် ရှေ့သွားရှိကုန်၏။ စိတ်သာလျှင် အကြီးအမှူး ဖြစ်ကုန်၏။ စိတ်ဖြင့်သာ ပြီးကုန်၏။ ကောင်းမြတ်ကြည်လင်သော စိတ်ထားဖြင့် အကယ်၍ ပြောဆို၍ သော်လည်းကောင်း၊ ပြုလုပ်၍ သော်လည်းကောင်း၊ ထိုအကြောင်းကြောင့် အရိပ်သည် လူ၏နောက်သို့ အစဉ် လိုက်နေသကဲ့သို့ ထိုသူ့ထံသို့ ချမ်းသာသည် အစဉ်လိုက်နေပေ၏။
All (mental) states have mind as their forerunner, mind is their chief, and they are mind-made. If one speaks or acts, with a pure mind, happiness follows one as one’s shadow that never departs one.
ဘဝချမ်းသာတာ စိတ်ကောင်းလို့
တရားအားလုံးရဲ့ ရှေ့သွားခေါင်းဆောင်ဟာ စိတ်ပါ။ တရားအားလုံးရဲ့ အကြီးအမှူးဟာ စိတ်ပါ။ တရားအားလုံးဟာ စိတ်ကြောင့်ပဲ ပြီးစီးရပါတယ်။ ကြည်လင်တဲ့စိတ် ကောင်းတဲ့စိတ်နဲ့ ပြုမယ်၊ ပြောမယ်၊ ကြံစည်မယ် ဆိုရင် အဲဒီပုဂ္ဂိုလ်ရဲ့နောက်ကို ချမ်းသာသုခတွေပဲ အစဉ်တစိုက် လိုက်ကြပါလိမ့်မယ်။ ဘာနဲ့ ဥပမာတူသလဲဆိုရင် အရိပ်ဟာ အရိပ်ပိုင်ရှင်၊ အရိပ်ထွက်ပစ္စည်းရဲ့ နောက်ကို အစဉ်တစိုက် မခွဲမခွာ လိုက်ပါနေသလိုပါပဲ။

(၀၀၁-၀၁-၀၁-စက္ခုပါလတ္ထေရဝတ္ထု)

ဓမ္မပဒ Dhammapada (နိဗ္ဗာန်လမ်းပြ)
Chapter I
ယမကဝဂ္ဂ The Twin-Verses တစ်စုံတစ်စုံများ
၁။ မနောပုဗ္ဗင်္ဂမာ ဓမ္မာ၊ မနောသေဋ္ဌာ မနောမယာ၊
မနသာ စေ ပဒုဋ္ဌေန၊ ဘာသတိ ဝါ ကရောတိ ဝါ၊
တတော နံ ဒုက္ခမနွေတိ၊ စက္ကံဝ ဝဟတော ပဒံ။
(၀၀၁-၀၁-၀၁-စက္ခုပါလတ္ထေရဝတ္ထု)
1. All that we are is the result of what we have thought: it is founded on our thoughts, it is made up of our thoughts. If a man speaks or acts with an evil thought, pain follows him, as the wheel follows the foot of the ox that draws the carriage.
၁။ နာမ်ခန္ဓာလေးပါးတို့သည် စိတ်သာလျှင် ရှေ့သွားရှိကုန်၏။ စိတ်သာလျှင် အကြီးအမှူး ဖြစ်ကုန်၏။ စိတ်ဖြင့်သာ ပြီးကုန်၏။ မကောင်းပြစ်မှားလိုသော စိတ်ထားဖြင့် အကယ်၍ ပြောဆို၍ သော်လည်းကောင်း၊ ပြုလုပ်၍ သော်လည်းကောင်း၊ ထိုအကြောင်းကြောင့် လှည်းဘီးသည် ဝန်ဆောင်နွား၏ခြေရာကို အစဉ် လိုက်နေ သကဲ့သို့ ထိုသူ့ထံသို့ ဆင်းရဲသည် အစဉ်လိုက်နေပေ၏။
All (mental) states have mind as their forerunner, mind is their chief, and they are mind-made. If one speaks or acts, with a defiled mind, then suffering follows one even as the wheel follows the hoof of the draught-ox.
ဘဝဆင်းရဲတာ စိတ်မကောင်းလို့
တရားအားလုံးရဲ့ ရှေ့သွားခေါင်းဆောင်ဟာ စိတ်ပါ။ တရားအားလုံးရဲ့ အကြီးအမှူးဟာ စိတ်ပါ။ တရားအားလုံးဟာ စိတ်ကြောင့်ပဲ ပြီးစီးရပါတယ်။ ပျက်စီးတဲ့စိတ် မကောင်းတဲ့စိတ်နဲ့ ပြုမယ်၊ ပြောမယ်၊ ကြံစည်မယ် ဆိုရင် အဲဒီလူရဲ့နောက်ကို ဆင်းရဲဒုက္ခတွေပဲ အစဉ်တစိုက် လိုက်ကြပါလိမ့်မယ်။ ဘာနဲ့ ဥပမာတူသလဲဆိုရင် လှည်းဘီးက လှည်းတပ်ထားတဲ့နွားရဲ့ ခြေထောက်ကို အစဉ်တစိုက် လိုက်နေသလိုပါပဲ။

Wednesday, December 16, 2009

School for au

www.open.edu.au

job site au

Australia
go to www.seek.com.au
www.careerone.com.au
www.mycareer.com.au
these are the main job website