ဥာဏ်စမ်း
အရောင်မတူတဲ့ အိမ် ၅ အိမ်မှာ လူမျိုး ၅မျိုးနေပြီး မတူတဲ့အကောင် တစ်ကောင်စီကို မွေးထားကြတယ်။ သူတို့ဟာ မတူတဲ့ဆေးလိပ်နဲ့ အရည်တွေကို သောက်ကြတယ်။
၁) အင်္ဂလိပ်လူမျိုးက အနီရောင်အိမ်မှာနေတယ်။
၂) ဆွီဒင်လူမျိုးက ခွေးမွေးထားတယ်။
၃) ဒိန်းမတ်လူမျိုးက လက်ဖက်ရည်သောက်တယ်။
၎) အဖြူရောင်အိမ်ရဲ့ ဘယ်ဘက်မှာ အစိမ်းရောင်အိမ်ရှိတယ်။
၅) အစိမ်းရောင် အိမ်ပိုင်ရှင်က ကော်ဖီသောက်တယ်။
၆) pall တံဆိပ်ဆေးလိပ်သောက်သူက ငှက်မွေးတယ်။
၇) အဝါရောင် အိမ်ပိုင်ရှင်က dunhill သောက်တယ်။
၈) အလယ်အိမ်က နွားနို့သောက်တယ်။
၉) နော်ဝေးလူမျိုးက ပထမတစ်အိမ်မှာနေတယ်။
၁ဝ) blend တံဆိပ် ဆေးလိပ်သောက်သူက ကြောင်မွေးထားသူရဲ့ အိမ်ဘေးမှာနေတယ်။
၁၁) မြင်းမွေးထားသူရဲ့ ဘေးမှာ dunhill သောက်သူနေတယ်။
၁၂) Blue Master ဆေးလိပ်သောက်သူက ဘီယာသောက်တယ်။
၁၃) ဂျာမဏီလူမျိုးက prince တံဆိပ်ဆေးလိပ်သောက်တယ်။
၁၄) နော်ဝေးလူမျိုးက အပြာရောင် အိမ်ဘေးမှာနေတယ်။
၁၅) ရေပဲသောက်တဲ့လူက blend ဆေးလိပ်သောက်သူရဲ့ ဘေးမှာနေတယ်။
မေးခွန်း
ဘယ်သူ့အိမ်မှာ ငါး မွေးထားသလဲ?
အိုင်စတိုင်း (Einstein) ငယ်ငယ်က ထုတ်တဲ့မေးခွန်းလို့ ဖတ်ရပါတယ်။ ဖြေကြည့်ပါ ပျော်စရာကောင်းပါတယ်။ ကျွန်မလည်း ချရေးပြီး အဖြေရှာနေပါတယ်။ အဖြေက တစ်ခုတည်းဖြစ်နိုင်တာမို့ ကျွန်မတို့ရဲ့အဖြေတွေ တူကြမှာပါး)
နောက်ဆက်
ကိုစွမ်းရဲ့ ဘလော့မှာလည်း ဒီဥာဏ်စမ်းလေး တင်ထားတယ်လို့ အစ်မလူးလူးက ပြောပါတယ်။ ကျွန်မ အခုမှဖတ်မိတယ်။
ရေးသားသူ....... နိုင်းနိုင်းစနေ at 7/12/2008 07:43:00 PM 11 comments
(၀၀၅-၀၁-၀၄-တိဿတ္ထေရဝတ္ထု)
15 years ago